ဒလမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစည်သူကျော်က အမှားစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားကြောင်းသိရသည်။


ဆက်လက်၍ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်  အထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးတို့က မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၇၆)ကျောင်းမှ  ဆရာ၊ ဆရာမ (၈၂) ဦးတို့အား စီမံ၊ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းကြီးကြပ်အကဲဖြတ် လုပ်ငန်းဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄နာရီ အချိန်ထိ၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


 သတင်း - သီတာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)