ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီ ဗုဒ္ဓပူဇနိယပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီ ဗုဒ္ဓပူဇနိယပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်

 


MNP - အောက်တိုဘာ  ၁၈


မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၆) ရက်မှ(၈)ရက်နေ့အထိ သုံးရက်တိုင်တိုင်နှစ်စဉ်ကျင်း ပလျက်ရှိရာ ယမန်နေ့က အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။


ဆံတော်ရှင် ကျိုက်တမော့စေတီတော်သည် ကမာဝက်မြို့၏  အရှေ့ဘက်တွင်တည်ရှိပြီး တောင်ခြေရင်းမှ တောင်ထိပ်သို့  ၃ မိုင် ၈ ဖာလုံ ကျော်ရှိ၍ ခြေလျင်နှင့်ဖြစ်စေ၊ တောင်တက်ကားများဖြင့်ဖြစ်စေ တက်ရောက်နိုင်ပြီး သာယာလှပသော ရှုခင်းအလှအပများကို ခံစားနိုင်ကြောင်း၊ တောင်ထိပ်တွင် မြတ်စွာဘုရား၏  ဆံတော်ရှင်တစ်ဆူကို ဌာပနာထားပြီး နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ကျင်းပလေ့ရှိကာ မွန်တိုင်းရင်းသားတို့၏ အထင်ကရဘုရားပွဲတော်လည်းဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်နှင့်အတူ မြို့ကျက်သရေဆောင် ကျိုက်ဇယ်စေတီတော်နှင့် ဓာတ်တော်ပေါင်းစုံတို့ကိုလည်း ဘုရားဖူး ပြည်သူများက လေ့လာဖူးမြော်ကြကြောင်း၊ ဘုရားပွဲတော်အတွင်း ဘုရားဖူးလာပြည်သူများကို စတုဒိသာကျွေးမွေးဧည့်ခံကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ထို့ပြင် ကမာဝက်မြို့ရှိ ရပ်ကွက်များအတွင်း ဗုဒ္ဓပူဇနိယပွဲတော် ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို အောက်တိုဘာ(၁၆)ရက်နေ့က ကျင်းပခဲ့ကြောင်းလည်း သိရသည်။


သတင်း - သားငယ် 


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)