“နမ့်ခုံး”ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ် နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ်(အခမဲ့) ဆေးခန်းမှ တာဝန်ရှိသူတို့ မျက်စိခွဲစိတ်ကုသမှုခံယူရန်လိုအပ်သော သက်ကြီးဘိုးဘွားများအား တောင်ကြီးမြို့သို့ ကူညီပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“နမ့်ခုံး”ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ် နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ်(အခမဲ့) ဆေးခန်းမှ တာဝန်ရှိသူတို့ မျက်စိခွဲစိတ်ကုသမှုခံယူရန်လိုအပ်သော သက်ကြီးဘိုးဘွားများအား တောင်ကြီးမြို့သို့ ကူညီပို့ဆောင်

 




MNP - အောက်တိုဘာ   ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊"နမ့်ခုံး"ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ် နာမှုကူညီရေးနှင့်ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်းမှ အသင်းခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ယနေ့နံနက်၌မြို့နယ်အတွင်းရှိ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် မျက်စိခွဲစိတ် ကုသမှုခံယူရန်လိုအပ်လျက်ရှိသော ဒေသခံပြည်သူ(၉)ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် လင်းခေးမှတောင်ကြီးမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကူညီပို့ဆောင်ပေးရာတွင် လင်းခေးမြို့နယ်၊ နမ့်တုတ်ကျေးရွာ၊ နမ့်တိုင်းကျေးရွာ၊ နောင်လုံ၊ နားကုန်း၊ လွိုင်ဆေ၊ ပူးကမ် ကျေးရွာနေနှင့် လင်းခေးမြို့ရွာမကြီးအရှေ့ရပ်ကွက်နေ သက်ကြီးဘိုးဘွား စုစုပေါင်း(၉)ဦး တို့အား  တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း မျက်စိခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသွားမည့်နေရာသို့ မိမိတို့အသင်းခွဲမှ တာဝန်ရှိသူများက အသင်းခွဲပိုင် မော်တော်ယာဉ်(၂)စီးဖြင့် မျက်စိဝေဒနာရှင်များနှင့်လူနာ စောင့်ပြည်သူများအား ယခုကဲ့သို့ ကုသိုလ်ဖြစ် (အခမဲ့) ကူညီသွားရောက် ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း အဆိုပါအသင်းခွဲဥက္ကဋ္ဌ ဒေါ်နန်းရွှေဌေးထံမှ သိရသည်။


သတင်း - စိုင်းဇော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)