စပါးအစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့်မျိုးသန့်စပါးစိုက်ခင်းအား တောင်သူများ အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စပါးအစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့်မျိုးသန့်စပါးစိုက်ခင်းအား တောင်သူများ အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း




MNP - အောက်တိုဘာ   ၁၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အား သက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးစေခြင်းကို  ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ၊ တောင်သူ ဦးမြင့်ဝင်း၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် မျိုးကောင်းမျိုးသန့်စိုက်ခင်း(၅)ဧက စံပြစိုက်ကွက်အား တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက်ရည်ရွယ်ကာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစို(၁၁၁)တင်း ထွက်ရှိကြောင်းသိရသည်။


အဆိုပါ စံကွက်ရိတ်သိမ်းသည့် စိုက်ကွက်သည် မိုးစပါး- ဆောင်းပဲဒီစိမ်း- နွေစပါး(၃)သီးစား  စိုက်ပျိုးသည့် စံကွက်ဖြစ်ပြီး ဇွန်လ(၂၀)ရက်နေ့က မျိုးကောင်းမျိုးသန့် စပ်မျိုးစပါးအား မျိုးစေ့တိုက်ရိုက်ချကိရိယာ(Drum Seeder)ဖြင့် ကျေးရွာဒေသခံတောင်သူများ အသိပညာပေး စိုက်ပျိုးပြသပေးခဲ့သည့် စိုက်ကွက်ဖြစ်ကြောင်းနှင့် စံကွက်ရိတ်သိမ်းရာတွင် (၆၅)ပေ ပတ်လည်အကွက်အား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းသရုပ်ပြခဲ့ကြောင်းသိရသည်။ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာဒေသခံတောင်သူများ တက်ရောက်အားပေး လေ့လာခဲ့ကြောင်းသိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)