ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုတွင် ငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာ နေရာများ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုတွင် ငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာ နေရာများ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ


MNP ၊ အောက်တိုဘာ ၂၃

ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်တို့အကြား “ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့်ရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ်” အရ ဆောင်ရွက်မည့် သုတေသန ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ Grand Jade Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အာဟာရပြည့်ဝသည့် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း စားသုံးမှုဖူလုံပိုလျှံရေးနှင့် ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ငါးလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုတွင် ငါးသယံဇာတ အရင်းအမြစ်များ၏ ကျက်စား ရာနေရာများကို ထိန်းသိမ်းခြင်း၊ သုတေသနလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ငါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေလုပ်ငန်း ကဏ္ဍသည် လူတန်းစားအလွှာ အသီးသီး၏ စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝရေး၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးကို များစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ပင်လယ်ရေပြင်သယံ ဇာတများနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Blue Ocean Economy စံနှုန်းများ၊ ရေသယံဇာတများကို ရေရှည်တည်တံ့စေရန် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွား ရန်လိုကြောင်း ဆွေးနွေးပြော ကြားသည်။


ယင်းနောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးနှင့် ညွှန်ကြားရေးမှူးများ၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီအောင်နှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းဆိုင်ရာ သုတေသနဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းနှင့် လုပ်ငန်းရှင်များက ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ရန်ပုံငွေထူထောင်မှု လုပ်ငန်းဆိုင်ရာများကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)