MNP ၊ အောက်တိုဘာ ၂၃
FATA က မြန်မာနိုင်ငံကို Black List သွင်းသည်ဟူသော သတင်းများကို ပြည်ဖျက်မီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြပြီးနောက် ဒေါ်လာဈေးကွက်တွင် အနည်းငယ် ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများ မြင့်တက်မည်ဟု လှုံ့ဆော်ခြင်းကြောင့် ရန်ကုန်မြို့တွင် ကားများတန်းစီ၍ စက်သုံးဆီဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သော်လည်း စက်သုံးဆီတင်သွင်းသိုလျှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြန့်ဖြူးပေးနေသည်ကို တွေ့မြင်ရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ ထုတ်ပြန်ချက်တွင် ရန်ကုန်၌ လက်လီဈေးနှုန်း 92RON - 1985 ကျပ်၊ 95RON- 2075ကျပ် နှုန်းဖြင့် ရောင်းချပေးနေကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စက်သုံးဆီဈေးနှုန်းများ ယနေ့နံနက်ထုတ်ပြန်ချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment