NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ အား Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ အား Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲတိုက်ခိုက်







နေပြည်တော်၊ အောက်တိုဘာ ၂၂

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ၊ CRPH တို့၏လက်ဝေခံ NLD အစွန်းရောက်များဖွဲ့စည်းထားသော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့်  အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက် ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း NLD အစွန်းရောက်များဖွဲ့စည်းထားသော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံ ကျေးရွာအတွင်းသို့ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မကျီးတုံကျေးရွာ အတွင်းသို့ ယနေ့နေ့လယ် ၁ နာရီ ခွဲခန့်တွင် NLD အစွန်းရောက်များဖွဲ့စည်းထားသော PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးအသုံးပြု၍ Drop Bomb ၆ လုံးအား  ဖြုတ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲအတွင်းရှိ စာသင်ကျောင်းပေါ်သို့ လက်လုပ်ဗုံး ၁ လုံး၊ စာသင်ကျောင်းဆောင်၏ အရှေ့တန်းစီကွင်းနှင့် စာသင်ကျောင်း၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ လယ်ကွင်းအတွင်းတို့သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါပတ်ဝန်းကျင် တစ်ဝိုက်တွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် Drone ယာဉ် ၂ စီးသည် အနောက်ဘက် သို့ ဆုတ်ခွာပျံသန်းသွားခဲ့သည်။


ဖြစ်စဉ်တွင် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ပင်မကျောင်းဆောင်၏ အမိုးသွပ်များ ၊ မျက်နှာကျက်နှင့် ကျောင်းသုံးဗီရိုတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။ ထိုသို့ ကျေးရွာအတွင်း Drop Bomb များဖြင့် ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့သော PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)