သံတွဲမြို့ အထက(၂)ကျောင်းသား/ကျောင်းသူဟောင်များ၏ ပဉ္စမအကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ အထက(၂)ကျောင်းသား/ကျောင်းသူဟောင်များ၏ ပဉ္စမအကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  အောက်တိုဘာ ၂၄

သံတွဲမြို့ အထက(၂)ကျောင်းသား/ကျောင်းသူဟောင်းများဦးဆောင်းကျင်းပမည့်  ပဉ္စမ အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ  ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီနာယက ရန်ကုန်မြို့ သိဒ္ဒိဇေယျာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ က အဖွင့်ဩဝါဒကထာမြွတ်ကြားတော်မူပါသည်။ ထို့နောက် ဒုတိယနာယက ဆရာဦးလှဟန်က မြတ်ဆရာပူဇော်ပွဲကျင်းပရေး ရှေ့လုပ်ငန်းစဉ်များနှင့် ရံပု့ငွေရှာဖွေရေး လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား/သူဟောင်များက ဆရာကြီး ၊ ဆရာမကြီးများအားဖိတ်ကြားရေးနှင့် အခြားလိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာရေးမှူး ဒေါ်ခင်ဝင်းဝင်းက ရံပုံငွေရရှိမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

သံတွဲမြို့ အထက(၂)ကျောင်းသား/ကျောင်းသူဟောင်းများ ဦးဆောင်းကျင်းပမည့်  ပဉ္စမ အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ၂၀၂၃ ခုနှစ် မေလ(၁)ရက်နေ့တွင်  အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြတ်ဆရာပူဇော်ပွဲကျင်းပရေး ကော်မတီထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)