ရသေ့တောင်မြိုနယ်တွင် မုန်းတိုင်းအရှိန်ကြောင်း ဆားပြင်ကြီးကျေးရွာတွင် အိမ်ခြေ(၁၀၀)ခန့် ထူးကဲဒီရေ ၄ပေခန့်ဝင်ရောက်နစ်မြုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြိုနယ်တွင် မုန်းတိုင်းအရှိန်ကြောင်း ဆားပြင်ကြီးကျေးရွာတွင် အိမ်ခြေ(၁၀၀)ခန့် ထူးကဲဒီရေ ၄ပေခန့်ဝင်ရောက်နစ်မြုပ်



MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ မေယုမြစ်ဝနှင့် ကြွီတဲမြစ်ဝရှိ ရသေ့တောင်မြို့မှ ၁၃ မိုင်ခန့်ကွာဝေးသော ဆားပြင်ကြီးကျေးရွာအုပ်စု၊ ဆားပြင်ကြီးကျေးရွာ ခမမပည DT 812452 တွင် မုန်တိုင်းအရှိန်ကြောင့်  ကျေးရွာအတွင်း အိမ်ခြေ ၁၀၀ ခန့် ထူးကဲဒီရေ ၄ ပေခန့်ဝင်ရောက် နစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်ထိ လူတိရစ္ဆာန်ထိခိုက်သေဆုံးမှု၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိပါကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များအား ရေလွတ်ရာအမြင့်ပိုင်း ကျေးရွာစာသင်ကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက ရွှေ့ပြောင်းနေရာချထားပေးလျက်ရှိပြီး ဆားပြင်ကြီးကျေးရွာမှာ အိမ်ခြေ (၃၀၁)အိမ်၊ အိမ်ထောင်စု (၃၀၃)စု၊ လူဦးရေ ကျား (၈၄၄)ဦး၊ မ (၈၆၀)ဦး၊ ပေါင်း (၁၇၀၄)ဦးရှိကြောင်း သိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)