MNP ၊ အောက်တိုဘာ ၂၄
ပေါက်တောမြို့နယ်အတွင်းရှိ ယနေ့ လေပြင်းများတိုက်ခတ်မှုကြောင့် ဆင်တက်မော်ကျေးရွာ မြစ်ကမ်းဘေး ဘော်ဒလီကျေးရွာ၊ပိုက်ဆိပ်ကျေးရွာ၊တောတန်းကျေးရွာများ၌ အိမ်ခြေ ၂၀ ခန့် ဓနိ၊သွပ်ခေါင်းမိုးများ လန်ထွက်ပျက်စီးသွားခဲ့ပြီး ဒီရေ ၆ ပေခန့် တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ကျောက်စီရေထိန်းနံရံ ၄၀၀ ပေခန့် ပျက်စီးခဲ့ကာ လူ နှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
အဆိုပါ မြစ်ကမ်းအနီနေ ကျေးရွာသား ကျေးရွာသူ ၂၀၀ ဦးခန့်ကို နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ အရေးပေါ်ပြောင်းရွှေ့နေရာချထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက လိုအပ်သည့် ကူညီရှင်းလင်းက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment