မင်းလှမြို့နယ်စက်မှုလယ်ယာစခန်း၌ စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်စက်မှုလယ်ယာစခန်း၌ စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၅


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂၇)စက်မူလယ်ယာစခန်း၌ တည်ဆောက်ထားသည့် စပါးတင်း(၅၀၀)ဆံ့အခြောက်ခံစက်သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။


သရုပ်ပြပွဲတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသန့်က စပါးအထွက်နှုန်းကောင်းရရှိရန် စနတ်တကျရိတ်သိမ်းပြီး အခြောက်ခံစက်၌ စပါးအခြောက်ခံလျှင် အရည်အသွေးပြည့်ဝသည့် စပါးမျိုးများရရှိနိုင်ကြောင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က အရည်အသွေးပြည့်ဝသည့် စပါးမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးထုတ်လုပ်ကြရန် ပြောကြားသည်။


ထို့နောက်မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးအောင်အောင်ခန့်က ဒေသခံတောင်သူများ၏ ရာသီဥတုကြောင့်စပါးပျက်စီးမှုကိုကာကွယ်ရန်၊ သိုလှောင်ထိန်းသိမ်းရာတွင် ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန်၊ မျိုးကောင်းမျိုးသန့်များရရှိစေရန်၊ ဈေးကွက်ကျဆင်းမှုကိုထိန်းချုပ်နိုင်ရန်အတွက် သရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စပါးအခြောက်ခံစက်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။


အဆိုပါသရုပ်ပြပွဲကို တောင်သူဦးကျော်ကျော်(ပေပင်တန်းကျေးရွာ)၏ မျိုးထုတ်မျိုးစပါး (ဆင်းသုခ) တင်း ၄၈၀ ဖြင့်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ (၅၀)ဦးခန့် တတ်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)