ပေါက်ခေါင်းမြို့နယ် ဆည်ရေသောက်လယ်ယာမြေဧရိယာအတွင်း သုံးသီးစား(သီးနှံစုံ) ၇၁၁၃ ဧက လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ဆည်ရေသောက်လယ်ယာမြေဧရိယာအတွင်း သုံးသီးစား(သီးနှံစုံ) ၇၁၁၃ ဧက လျာထားစိုက်ပျိုးမည်


MNP - အောက်တိုဘာ  ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသတွင်းဆန်စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ဖူလုံပိုလျှံရေးအတွက် တောင်သူများက နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်ဆည်ရေသောက် လယ်ယာမြေဧရိယာအတွင်း နွေသီးနှံ၊ မိုးသီးနှံနှင့်ဆောင်းသီးနှံ သုံးသီးစား(သီးနှံစုံ) ၇၁၁၂ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါး(၄၆၇၅၄) ဧကစိုက်ပျိုးထားခဲ့ရာ ယခုလအောက်တိုဘာလလယ်မှစ၍ ရတနာတိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်သည်။ မိုးစပါးရိတ်သိမ်းပြီး လယ်မြေများတွင် ဆောင်းသီးနှံ ပဲမျိုးစုံ၊ နှမ်းနှင့်နေကြာတို့ကို ထပ်မံစိုက်ပျိုးရန်ပြင်ဆင်လျက်ရှိပြီး ဆောင်းသီးနှံဆီထွက်သီးနှံနေကြာကို တောင်သူများ၏ယာမြေ ၂၂ ဧကတွင် စိုက်ပျိုးပြီးစီးခဲ့ပြီး မြို့နယ်အတွင်းဆောင်းသီးနှံနေကြာ ဧက ၈၃၀ ခန့်ကိုစိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိသည်။ ယခုဆောင်းသီးနှံများရိတ်သိမ်းခူးဆွတ်ပြီးပါက ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများတွင် နွေစပါးသီးနှံကို ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)