MNP - အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာစိုက်ဧက လျာထားချက်၊ ရာနှုန်းပြည့်မှီရေးအတွက် နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု များအတွင်းရှိ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၁၀ တွင် တောင်သူ (၆၉၇၆)ဦးရှိပြီး၊ ဆောင်းနေကြာကို စုစုပေါင်း(၁၉၁၆၆)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက် ဖြစ်သည့်အတွက် စီမံကိန်းဝင် သီးနှံအဖြစ်သတ်မှတ်၍ စိုက်ပျိုးကြရန်၊ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနများမှ ကူညီပံ့ပိုးခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း ခရိုင်နှင့် မြို့နယ်အဆင့် စိုက်တိုးမြှင့် ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးအနီးကပ် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်စိုက်ပျိုးရေး ကွင်းတာဝန်ခံများ၊ မြို့နယ်မြေစာရင်း ကွင်းတာဝန်ခံများ၏ တင်ပြဆွေးနွေးချက်များကို ပြန်လည် ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်တွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်တို့တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စုစုပေါင်း ၅၆၂၀၆ ဧကစိုက်ပျိုးရန် လျာထားပြီး ဟင်္သာတမြို့နယ်တွင် သီးသန့် စိုက်ဧက ၁၄၃၇၅ ဧကနှင့် သီးညှပ် ၄၇၉၁ ဧက စုစုပေါင်း ၁၉၁၆၆ ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment