ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

 


MNP - အောက်တိုဘာ   ၂၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် အမှတ်(၄)၊ ရပ်ကွက်၊ ဟံသာမုနိဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်မည့်  ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲ ကျင်းပနိုင်ရေးအတွက်  ယနေ့နံနက်(၉)နာရီအချိန်၊ ဟံသာမုနိဘုရားကြီးကျောင်း၌ သက်ဆိုင်ရာတာဝန်ရှိသူများက (ဒုတိယ) အကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုကြပြီး တွေ့ဆုံဆွေးနွေးပွဲ စတင်ခဲ့သည်။ ရှေးဦးစွာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းက  ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အလှူတော်မင်္ဂလာပွဲကို ကဆုန်လအတွင်း ကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသူများ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း အကြံပေးကြပါရန် တိုက်တွန်းနိုးဆော်ပါကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ထွန်းဇော်၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆန်ဆောနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများက ရွှေဆိုင်းကပ်လှူခြင်း၊ ရွှေဆေးသုတ်ခြင်း၊ ဘုရားကြီးအဆောက်အဦ ရေဆေး၊ ဆီဆေးပြန်လည်သုတ်ခြင်းနှင့် ရန်ပုံငွေရှာဖွေခြင်း စသည့် လုပ်ငန်းများ  ဆက်လက်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ပွဲတော်ဖြစ်မြောက်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲတွင် ရတစကခ(၁၈)၊ အမှတ်(၂) ယာယီ နည်းဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)