မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကံမမြို့နယ် ခြောက်ထောင့်ကျေးရွာ ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုအား ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကံမမြို့နယ် ခြောက်ထောင့်ကျေးရွာ ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုအား ကြည့်ရှုပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ



MNP - အောက်တိုဘာ  ၂၉


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ရှစ်ချိုကျေးရွာအုပ်စု ခြောက်ထောင့် ကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်လျက်ရှိသည့် ခြောက်ထောင့် ဆိုလာ လျှပ်စစ်ရေတင် စီမံကိန်းဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။ 


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ခြောက်ထောင့်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ယခုဆောင်ရွက်နေသော ဆိုလာ လျှပ်စစ်ရေတင်စီမံကိန်းပြီးစီးပါက မိုးရာသီဆောင်းရာသီများ သာမက  နွေရာသီကာလ၌လည်း သီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမည့် ဧက(၈၀၀)ကို စိုက်ပျိုးရေလုံလောက်စွာ ပေးအပ်နိုင်မည်ဖြစ်ကြောင်း တောင်သူများအနေဖြင့်လည်း ရရှိလာမည့် စိုက်ပျိုးရေများကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း မိမိတို့ တာဝန်ယူရသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်အပြင် ပြည်သူလူထု၏ လူနေမှုဘဝမြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းရင်းသားရေးရာဝန်ကြီး  ဦးထွန်းခင်တို့က အမှာစကား များ အသီးသီးပြောကြားကြပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး တင်ပြခဲ့ကြရာ ဆွေးနွေးတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဆွေးနွေးပြောကြားပြီးနောက် ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)