မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု(၁၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၀၀)အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု(၁၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၀၀)အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 


MNP - အောက်တိုဘာ  ၂၉


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံ စားသောက် ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၂)နာရီက ကံမမြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနား၌ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မိမိတို့တာဝန်ယူရသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသာမက ပြည်သူလူထု၏ လူနေမှုဘဝ မြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး နောင်တွင်လည်း ယခုကဲ့သို့ ထောက်ပံ့ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း   မြို့နယ်အသီးသီးမှာလည်း တစ်မြို့နယ်လျှင် အိမ်ထောင်စုပေါင်း (၁၀၀၀)ခန့်ကို လှူဒါန်းထောက်ပံ့နိုင်ရေး   စီစဉ် ဆောင်ရွက်ထားရှိကြောင်း  ပြောကြားခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင်  တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် နှာခေါင်းစည်း (Mask)များကို ရပ်ကွက် ကျေးရွာအုပ်စု (၁၄)အုပ်စုမှ အခြေခံလူတန်းစား   အိမ်ထောင်စု (၁၃၀၀)စုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စုအလိုက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)