ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ထူးကဲဒီရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ထူးကဲဒီရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွား




MNP - အောက်တိုဘာ  ၂၅


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထူးကဲဒီရေမြင့်တက်ပြီး ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ ဟိန္ဒူရွာသစ်တွင် ယမန်နေ့ ညနေ ၁၀ နာရီ ခွဲအချိန်ခန့်က နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထူးကဲဒီရေ ၂‌ပေခန့် မြင့်တက်လာသဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ရေလွတ်ရာအမြင့်ပိုင်း အောင်ဗလ၊ အမကကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ ဟိန္ဒူရွာသစ်တွင် အိမ်ခြေ ၁၄၈ အိမ်၊ အိမ်ထောင်စု ၁၄၈ စု၊ အမျိုးသား ၄၀၄ ဦး၊ အမျိုးသမီး ၃၇၅ ဦး စုစုပေါင်းလူဦးရေ ၇၈၃ ဦး ရှိကြောင်းနှင့် မြေနိမ့်ပိုင်းရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ နေအိမ်များတွင်လည်း ဒီရေ အနည်းငယ်ဝင်ရောက်မခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)