MNP - အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်အစီအစဉ်ဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၇)နာရီအချိန်က မတ္တရာမြို့အထွေထွေအုပ်ချု်ပရေးဦးစီးဌာနရုံးအနီးတွင် ရောင်းချပေးခဲ့သည်။
ထို့သို့ရောင်းချရာတွင် အမှတ်(၁၀၁၄)လေကြောင်းရန်ကာကွယ်ရေးတပ် ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော် ဦးစီးသောတပ်ဖွဲ့ဝင်များ၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၂၅ အိတ်၊ ဆီ(၁)ပိဿာ ၄၆၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၂၀ ၊ ကြက်ဥ(၁)လုံး ၁၈၀ ကျပ်နှုန်းဖြင့် ၁၀၀၀ လုံး၊ အာလူး ၁ ပိဿာ ၂၆၀၀ ကျပ်နှုန်းဖြင့် ၅၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ၂၆၀၀ နှုန်းဖြင့် ၅၀ ပိဿာနှင့် ငါး ၁ ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ပိဿာတို့ကို ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာ လစဉ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
သတင်း - စိုးကျော်သူထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment