ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပပဝတီကွက်သစ်၊ အကွက်အမှတ်(၃၃၈၊ ၃၃၉)ရှိ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးဝန်း ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအ‌ဖွဲ့နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူတည်‌ဆောက်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့မှ သတ်မှတ်နေရာများ၌ နေရာယူ၍  ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက် အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးပြီးနောက် အခမ်း အနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးရုံး (၄၀‌ ပေx ၄၅ ပေ) RC ၃ ထပ်နှင့် ဝန်ထမ်းအိမ်ရာ (၃၀ပေx၄၀‌ပေ) ၂ ခန်းတွဲ RC ၄ ထပ်အား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊  ရုံးဝန်း အတွင်း၌ ပင်ရုံးနှင့်အိမ်ရာ တည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် ဝန်ထမ်းများ ရုံးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ယူ တည်ဆောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီမှ တာဝန်ရှိသူ များကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ရုံးနှင့်အိမ်ရာအဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မိမိရုံး၊ မိမိအိမ်ရာဝန်းကျင် သန့်ရှင်းသာယာရေး စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းကောက်ယူရေးကော်မတီ အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကို ပထမအကြိမ် ကွင်းဆင်းကောက်ယူ ခဲ့ပြီး အစီရင်ခံစာအား မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြနိုင် ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယအကြိမ် က‌လေးအလုပ်သမားပပျောက်ရေး စစ်တမ်းကို ကွင်းဆင်း ကောက်ယူရာတွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၃၀.၆.၂၀၂၂ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ညွှန်းကိန်းများ၊  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်းကိန်းများနှင့် အခြားသော စစ်တမ်းတွေ၊ စာရင်းအင်းတွေ ကောက်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါ‌သော ညွှန်းကိန်းများ ဖြစ်သည့် စားသုံးသူဈေးဆနှုန်း(CPI)နဲ့ ငွေကြေးဖောင်းပွမှုနှုန်း (inflation) တို့ကို တွက်ချက်တင်ပြရာတွင် လည်း ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ဖို့လို့ကြောင်း၊ မွေးဖွားမှု သေဆုံးမှုနဲ့ အခြားသောစစ်တမ်းများ ကောက်ယူရာတွင် မြေပြင်ကိန်းဂဏန်း မှန်ကန်‌စေရန်အတွက် မြေပြင်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားသည်။


ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အဆောက်အဦ ဆိုင်ရာ အချက်အလက်များအား တိုင်းဒေသကြီးတာဝန်ခံ ဒေါ်ဆွေဆွေမြင့်က Power Point ဖြင့် ရှင်းလင်း တင်ပြပြီးနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြု မှတ်တမ်းလွှာပေး အပ်ခဲ့သည်။ ယင်းနောက် Royal Ayar Creative & Construction Co.Ltd မှ ဗဟိုစာရင်း အင်းအဖွဲ့ရုံးနှင့် အိမ်ရာအဆောက်အဦဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်းနှင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး တာဝန်ယူတည်ဆောက်ခဲ့သည့် ကုမ္ပဏီများအား ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၁)တွင်  တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)