နတ်မောက်မြို့ စိုက်ပျိုးရေးတောင်သူများ ပဲတီစိမ်းဈေးကွက်သို့တင်ပို့ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ စိုက်ပျိုးရေးတောင်သူများ ပဲတီစိမ်းဈေးကွက်သို့တင်ပို့ရောင်းချ

 


MNP - အောက်တိုဘာ  ၂၅


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ငယ်ငယ်ကတော့ စိုက်ပျိုးရေးနည်းစနစ်တွေကခေတ်မီမှုမရှိသေးတော့ မိရိုးဖလာ ပဲနောက်မျိုးကိုဘဲစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်၊ နှစ်တွေကြာလာတော့ နည်းပညာအပြောင်းအလဲကြောင့်  သီးနှံမျိုးကွဲသစ်များပေါ်ပေါက်လာတယ်လေ၊ ဒါကြောင့် အခုကျွန်တော်တို့က ပဲနောက်စေ့ထက်သက်တမ်းတို ပြီးအထွက်နှုန်းကောင်းတဲ့ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးများကိုရွေးချယ်စိုက်ပျိုးရတာပါ၊ ပဲနောက်ဆိုတာက အစေ့သေးသေးလေးတွေပါ၊ ပဲတီစိမ်းကတော့ အတောင့်လည်းကြီး အစေ့လည်းကြီးတယ်၊ ပိဿာချိန်နဲ့ဆိုရင် ပဲနောက်စေ့က အချိန်စီးပြီး ပဲတီစိမ်းကဝိတ်ချိန်သိပ်မစီးဘူး၊ အခုကျနော်စိုက်ပျိုးတဲ့ ပဲတီစိမ်းက ရေဆင်း-၁၄ မျိုးပါ၊သက်တမ်းက ရက်ပေါင်း(၅၀) ရောက်တဲ့အချိန်မှာ ပဲတီစိမ်းတွေ ရင့်မှည့်ခြောက်သွေ့လာတာပါ၊  ပဲတီစိမ်းပေါ်လာလို့ ဈေးကွက်ကိုတင်ပို့ရောင်းချနေပါပြီ ”ဟု ဂွေးချိုကျေးရွာမှ ကိုစိုးမင်းကပြောသည်။


တောင်သူများအနေဖြင့် ပဲတီစိမ်းများကို ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိရာ ပဲတီစိမ်းတစ်ပိဿာကို (၂၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းဖြစ်လျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် ယနေ့ချိန်ထိပဲတီစိမ်း စိုက်ပျိုးပြီးစီးမှုဧကစုစုပေါင်း (၄၆၆၉၆) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မူမူစန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)