MNP - အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မြေနီကျောက်စရစ်လမ်းများမှ ကွန်ကရစ်လမ်းများအဖြစ်သို့ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ မြေနီကျောက်စရစ်လမ်းမှကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပေါင်းနားရပ်ကွက်စစ်မှုထမ်းဟောင်းရုံးရှေ့မှ ရွှေလင်းယုန်ဆန်စက်အထိ ကွန်ကရစ်လမ်းအရှည် အလျား ၈၆၃ ပေ၊ အကျယ် ၁၂ ပေ၊ ထုအမြင့် ၆ လက်မ၊ ခွင့်ပြုငွေကျပ် (၁၈.၀၀၀) ကျပ်သန်း၊ ဈေးမရပ်ကွက် အရှေ့မြို့ရိုးလမ်းကွန်ကရစ်လမ်းအရှည် ၆၉၆ ပေ၊ အကျယ် ၁၂ ပေ၊ ထုအမြင့် ၆ လက်မ၊ ခွင့်ပြုငွေကျပ် (၁၄.၄၀၀) ကျပ်သန်း၊ မြင်တင်ရပ်ကွက်ရွှေမြင်တင်ကျောင်းလမ်း ကွန်ကရစ်လမ်းအရှည်အလျား ၈၆၃ ပေ၊ အကျယ် ၁၂ ပေ၊ ထုအမြင့် ၆ လက်မ၊ ခွင့်ပြုငွေကျပ် (၁၈.၀၀၀)ကျပ်သန်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့် ပြည်သူအများ ရာသီမရွေးသွားလာအဆင်ပြေနိုင်စေရန် အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများကို အချိန်မီပြီးစီးနိုင်ရန် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သောလမ်းများအား စံချိန်စံညွှန်းပြည့်ဝစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်မြတ်၊ စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
သတင်း - မောင်လွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment