MNP -အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာသန်းစွမ်းစေရန်အတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးရာတွင် အသက် နှစ်လမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော၊ တီဘီနှင့် အဆုတ်ရောင် ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက် ဂျိုက်သိုး၊ ဦးနှောက်အမှေးရောင်၊ အသားဝါဘီနှင့် ငါးမျိုးစပ် ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို မြို့နယ်ရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဌေး ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံ၊ တိုက်ကျွေးကြကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment