MNP - အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း အသက် (၁၈) နှစ်ပြည့်ပြီးသူ များကို ကိုဗစ်ကာကွယ်ဆေး (Booster) ကို ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေး ဆေးခန်းတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး (Booster) ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံမည့် မိဘပြည်သူများအား ဆေးခန်းသို့ ဝင်ရောက်လာသည်နှင့် ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းတာခြင်းနှင့် ဆေးမထိုးမီ နာရီဝက်ခန့်နားနေစေပြီး ဆေးထိုးပြီးသော အခါတွင်လည်း နာရီဝက်ခန့်နားနေ စောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ချောင်းသာမြို့နေ မိဘပြည်သူများကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ယခင် အပတ်တွင် ကာကွယ်ဆေး ထိုးနှံသူပေါင်း (၃၀) ဦးခန့်ရှိပြီး ယနေ့ နံနက်မှစ၍ နေ့လယ် (၁၂) နာရီအထိ လာရောက်ထိုးနှံသူပေါင်း (၂၆) ဦးရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရ သည်။
သတင်း - ဇော်လင်းမောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment