AA မှ ဖမ်းဆီးထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA မှ ဖမ်းဆီးထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံ



MNP ၊ နိုဝင်ဘာ ၂၇

AA မှ ဖမ်းဆီးထားသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဝင်တစ်ဦးကို ပြန်လွှတ်ပေးရန် သက်ဆိုင်ရာခေါင်းဆောင်များထံ ဦးနေမျိုးဝေက မေတ္တာရပ်ခံ တောင်းဆိုထားသည်။


ဦးနေမျိုးဝေ၏ ရေးသားဖော်ပြချက်တွင် "ဦးထွန်းမြင့်ဦး ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်တာဝန်ခံ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ အား AA မှ ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းထားသည်မှာ ငါးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီသည်လည်းကောင်း၊ ဦးထွန်းမြင့်ဦးသည်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တပ်မတော်ကြား အငြင်းပွါးမှုများတွင် မျှတသောနိုင်ငံရေးသစ္စာဖြင့် အစဉ်တစိုက် ရပ်တည်ပြောဆိုဆွေးနွေးခဲ့ပါသည်။ ယခုအခါ တပ်မတော်နှင့် AA တပ်တော်ကြား အပစ်အခတ်ရပ်စဲထားသည့် ကာလလည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် ယာယီထိန်းသိမ်းထားသော ဦးထွန်းမြင့်ဦး အား ပြန်လည်လွတ်မြောက်ခွင့်ပြုရန် အချိန်အခါ သင့်မြတ်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။" ဟု ရေးသားတောင်းဆိုထားခြင်းဖြစ်သည်။


ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးထွန်းမြင့်ဦး သည် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂလီများ၏ အကြမ်းဖက်မှုများပေါ်ပေါက်လာပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ရခိုင်အရေးအတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)