(၇၅)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်



MNP - နိုဝင်ဘာ  ၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သော (၇၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်အလှူတော်များ ယမန်နေ့ညနေ(၃)နာရီက လှည့်လည်ပူဇော်ခံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်ပါလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  


ထိုသို့ပူဇော်ခံရာ၌ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ဒေသခံပြည်သူများလိုက်ပါ၍ ကား၊ ထော်လာဂျီများဖြင့် စုရပ်ဖြစ်သော သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံမှစ၍ ပဒေသာပင်များအား ရှမ်းရိုးရာအိုးစည်၊ ဗုံ၊ မောင်းများဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ တပင်ရွှေထီးလမ်းမတစ်လျှောက် မြို့ပတ်လှည့်လည်ပူဇော်ခံပြီး ပရိယတ္တိပါဒကကျောင်းကြီး စာသင်တိုက်တွင် ပဒေသာပင်များအား ပူဇော်ခံထားရှိပြီး (၇၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုပဒေသာပင်များ (၅၆) ပင်အား ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေ (၂၂၄၅၉၅၉၀) ဖြစ်ကြောင်း မြို့နယ်စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)