မင်းဘူးမြို့၌ (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းငါးလွှတ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

 




MNP - နိုဝင်ဘာ   ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများက (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဧရာဝတီမြစ် ဖိုးရှိုးဆိမ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များက ၂၀၂၂ ခုနှစ်၊ ယနေ့ကျရောက်သည့် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းငါးလွှတ်ပွဲအဖြစ် ငါးမြစ်ချင်း ငါးသားပေါက် အကောင်ရေ (၁၀၀၀၀၀)နှင့် ထိုင်ဝမ်ငါးခုံးမကြီး အကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးအကောင်ရေ (၁၅၀၀၀၀)ကို ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)