ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ





MNP - နိုဝင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြ သည်။


ရှေးဦးစွာအလှူရှင်များ အသီးသီးတို့မှ လှူဖွယ်ပစ္စည်းမျိုးစုံနှင့် ငွေပဒေသာပင်အလှူရှင်တို့က ဓမ္မိကာရုံကျောင်းတိုက်ဝန်းတွင် တန်းစီနေရာ ယူကြပြီး မြို့တွင်းသို့ အိုးစည်ဒိုးပတ်ဝိုင်း၊ အဆို၊ အက၊ အတီးအမှုတ်များ၊ ရိုးရာဆင်အကအလှများ၊ ဘုံကထိန်ပွဲတော်ကာလ၌ ပျှော်ရွှင်နှစ်လိုဖွယ် ပြုလုပ်ထားသော လူဝံရုပ်အကနှင့် မျောက်ရုပ်အကများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြသည်။


ဆက်လက်၍ အလှူရှင်အသီးသီးတို့မှ မြို့တွင်းသို့ လှည့်လည်ပြီး ငရုတ်ကောင်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်ဝန်းသို့ ပို့ဆောင်ခဲ့ကြသည်။ ပြီးနောက် ညပိုင်းတွင် ဆင်အကများဖြင့် ကပြမှုများ ကြည့်ရှု့သူများနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)