ချောက်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲစတင်ဖြေဆို



MNP - နိုဝင်ဘာ  ၂၉


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိရာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲအား Grade - 9 (အဠမတန်းသင်ရိုးဟောင်း)၊ Grade - 10၊ Grade – 11 ကျောင်းသား /သူများ ဝင်ရောက်ဖြေဆိုကြပြီး ယမန်နေ့မှစ၍ နိုဝင်ဘာ ၃၀ရက်နေ့အထိ သုံးရက်တိတိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစာ၊ နေ့လယ်ပိုင်းတွင်  အင်္ဂလိပ်စာနှင့် နိုဝင်ဘာ ၂၉ ရက်  နံနက်ပိုင်းတွင် သင်္ချာ + အထွေထွေဗဟုသုတနှင့် နေ့လယ်ပိုင်းတွင် နှုတ်မေး၊ နှုတ်ဖြေကိုလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် လူရည်ချွန်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအားလုံးကို  နံနက် ၇ နာရီကစ၍ ကိုယ်ကာယကြံခိုင်ရေးစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် Grade - 9 (အဠမတန်းသင်ရိုးဟောင်း) ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၃ ဦး၊ Grade - 10 ကျောင်းသား ၁၆ ဦး၊ကျောင်းသူ ၁၅ ဦး၊ Grade - 11 ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း ကျောင်းသား/သူ  ၈၀ဦးတို့ဝင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)