နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြို/ပို့ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြို/ပို့ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်



MNP - နိုဝင်ဘာ ၂၉


နေပြည်တော်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ  ကြို/ပို့ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  Naypyitaw State Academy၊ နေပြည်တော် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)များမှ ကျောင်းကြို/ပို့ ယာဉ်လိုက်ပါစီးနင်းမည့် ကျောင်းသား/သူများ၏ အမည်နှင့်နေရပ်လိပ်စာ စာရင်းတို့အား တိကျစွာ စာရင်းပြုစုဆောင်ရွက်နိုင်ရေး၊ ကျောင်းကြို/ပို့ယာဉ်လိုက်ပါစီးနင်းမည့် ကျောင်းသား/သူ များအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် လိုအပ်သည့်နေရာများတွင် စုရပ်နေရာ(မှတ်တိုင်)များ သတ်မှတ်ဆောင်ရွက်နိုင်ရေး၊  သက်ဆိုင်ရာမြို့နယ်များမှ Naypyitaw State Academy၊ နေပြည်တော်နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ပြေးဆွဲပေးရမည့် ကျောင်းကြို/ပို့ယာဉ်များ၏ ခရီးမိုင်အကွာအဝေးအလိုက် လောင်စာဆီကုန်ကျမှုအပေါ် အခြေခံ၍ ယာဉ်စီးခနှုန်းထားများအား အသေးစိတ်တွက်ချက် ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းကြို/ပို့ ယာဉ်များအတွက် ကောက်ခံမည့်ယာဉ်စီးခ နှုန်းထားအား အသိပေးထုတ်ပြန်ခြင်းနှင့် ကျောင်းသား/သူများအနေဖြင့် လစဉ် သတ်မှတ်ရက်အရောက် အချိန်နှင့်တပြေးညီ ကောက်ခံပေးသွင်းစေရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်ခြင်းများကို ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် နေပြည်တော်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ  ကြို/ပို့ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)