မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီး၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေ အားကစားကွင်းကြီး၌ ပြုလုပ်





MNP ၊  နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ပေါက်တောရွှေမြေအားကစားကွင်းကြီး၌ ပြုလုပ်ကြသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့မှစတင်၍ မြန်မာစာ၊ အင်္ဂလိပ်စာရေးဖြေစစ်ဆေးခြင်း၊အထွေထွေ ဗဟုသုတနှင့်လူတွေ့စစ်ဆေးမှုများအားစတင်စစ်ဆေးခဲ့ကြသည်။


ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ ဒသမတန်း ကျောင်းသား၊ကျောင်းသူ ၁၂ ဦးနှင့် ဧကာဒသမတန်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)