ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ကျောင်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး ကျောင်းများအား ကွင်းဆင်းစစ်ဆေး





MNP ၊  နိုဝင်ဘာ ၂၉

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ ခရိုင်အတွင်းရှိမြို့နယ်များ မှ ပေးပို့ဆုလျှောက်ထားလာသည့်ကျောင်းများအား သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစစ်ဆေးခဲ့သည်။ 


ထိုသို့စစ်ဆေးရာတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး ဦးအာကာမြင့်၊ ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေး၊    အတွင်းရေးမှူးဖြစ်သည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်နှင့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမက အောင်မြေသာကျောင်းများသို့သွားရောက်ပြီး ၎င်းကျောင်းများ၌ မိဘ၊ ဆရာ၊ ကျောင်းသား များနှင့် ရပ်ရွာဥက္ကဋ္ဌ၊ ရပ်ရွာလူထုများပါဝင်သည့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကော်မတီ (G&C School Committee) ဖွဲ့စည်းထားခြင်း ရှိ/မရှိ၊ ‌ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း(၄)ချက်အား ကျောင်း၏အခြေအနေနှင့် လိုက်လျောညီထွေ မှုရှိသည့် လုပ်ငန်းအစီအစဉ်များ(Action Plan) နှစ်အလိုက်ရေးဆွဲချမှတ်ထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရေးဆွဲထားသော ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာရ မည့် ဆောင်ပုဒ်၊ ပန်းချီ၊ ကဗျာနှင့် ကာတွန်းတို့ကိုရေးဆွဲကာ အခန်းလိုက်/အတန်းလိုက်/ကျောင်း အလိုက် (Notice Board)ဖြင့် ပြသထားခြင်း ရှိ/မရှိ၊  ဆရာ/ဆရာမများက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့် နှီးနွယ်သည့်အသိပညာပေးစာအုပ်များကိုအသုံးပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုသဘော တရားများ မျှဝေပေးခြင်း ရှိ/မရှိ၊  ကျောင်းသား၊ ကျောင်းသူများမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လက်တွေ့လုပ်ငန်းများကို နေ့စဉ်(သို့)အပတ်စဉ်(သို့)လစဉ် အတန်းလိုက်လုပ်ဆောင်ခြင်း ရှိ/မရှိ၊ အစရှိ သည့် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇)ချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ တို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ မိမိတို့ကျောင်း များတွင် ဆောင်ရွက်ထားရှိမှုများအား ပြန်လည်ရှင်းလင်းပြောကြားသည်။ 


ယင်းသို့ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့်ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှဆု ရွေးချယ်ကာ ဆုရကျောင်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင်Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)