ပင်လောင်းမြို့နယ် ပေါင်းလောင်းချောင်း၌ ငါးမျိုးများစိုက်ထည့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် ပေါင်းလောင်းချောင်း၌ ငါးမျိုးများစိုက်ထည့်ပေး

 


MNP - နိုဝင်ဘာ  ၂၆


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ လိန်းလီတံတားအနီး ပေါင်းလောင်းချောင်း သဘာဝရေပြင်တွင် ယမန်နေ့မွန်းလွဲပိုင်းက ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။


ငါးမျိုးများအား စိုက်ထည့်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးသားပေါက်စခန်းမှ ငါးမြစ်ခြင်းငါးမျိုးကောင်ရေ တစ်သောင်း၊ ငါးခုံးမငါးမျိုးကောင်ရေ တစ်သောင်း စုစုပေါင်းငါးမျိုးကောင်ရေ နှစ်သောင်းကို  ရွှေတကြီးကျေးရွာအနီးနှင့် လယ်ပြင်ကြီးကျေးရွာအနီး ရေပြင်တွင် ငါးမျိုးများ စိုက်ထည့်ပေးခဲ့ပြီး အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးစိန်လှမောင်၊ ပေါင်းလောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး  ဦးကျော်မင်းထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)