တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားဘာသာစကားနှင့် သင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားဘာသာစကားနှင့် သင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

 



MNP - နိုဝင်ဘာ ၂၆


တိုင်းရင်းသားဘာသာစကားနှင့် သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပရာ ရှေးဦးစွာ အခမ်းအနားအား တိုင်းရင်းသား/သူများက ဆရာဂရုဏာ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော တိုင်းရင်းသားများအတွက် ကွက်လပ်များအား ဖြည့်ပေးနိုင်ရန် ဆရာ/မ များကို ဘာသာစကားအပြင်၊ သင်ကြားရေးများအတွက်ပါ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပြီးမြောက်ခဲ့သော အခမ်းအနားဖြစ်သောကြောင့် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဟူသည် တစ်စည်းတစ်လုံးတည်းသော မျိုးချစ်စိတ်ဓာတ် (သို့မဟုတ်) အမျိုးစောင့် (ဝံဿနုရက္ခိတ) စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဆရာ/ဆရာမများအနေဖြင့် မည်သည့်နေရာဒေသတွင် နေထိုင်သည့်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူထားရန် လိုအပ်ကြောင်း၊  ဆရာ/ဆရာမများအနေဖြင့် မိမိရောက်ရှိရာဒေသများတွင် တာဝန်ယူရသည့် အခါ၌ ကျောင်းသားလူငယ်များအား ဘာသာစကားနှင့် စာပေတတ်မြောက်ရေးဖြင့် မလုံလောက်၍ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံ့အနာဂတ်ဖြစ်သော လူငယ်များ၏ စာပေတတ်မြောက်ရေး၊ ပညာရည် မြင့်မားရေးအတွက် အခက်အခဲ အကျပ်အတည်းများကြားမှ ဆရာဟူသော မွန်မြတ်လှတဲ့ ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သော စိတ်ထားများဖြင့် သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ပြီး တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)