ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်ပ




MNP - နိုဝင်ဘာ  ၂၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။


 ရှေးဦးစွာ ဥတ္တရသီရိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန်အဟုန်မပျက် ပိုမို ဆောင်ရွက်နိုင်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်သူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ကြောင်း၊ ဗလငါးတန် နှင့်ပြည့်စုံသည့် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ အမှားအမှန် ခွဲခြားနိုင်စေရန်၊ စာပေဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားကာ ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးညိုမင်းထွေးက ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ စာရေးဆရာရဲမွန်ကျော်၊ စာရေး ဆရာနွေဦးကိုကို၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အင်တာနက်ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)