MNP ၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ များကို ယနေ့နံနက် (၅)နာရီ အချိန်မှစ၍ ထုတ်ပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်)လစာထုတ်ယူသူ (၁၀၆၅) ဦးရှိပြီး ပင်စင်ထုတ်ယူ ရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျ ထုတ်ပေးလျက် ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားလှယ်ဖြင့် ထုတ်ယူနိုင်ကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်း ကို နေ့စဉ် ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment