MNP - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ စုစုပေါင်း(၆၈၁) ဦးရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယုယုဌေးထံမှ သိရသည်။
သတင်း - သားကြီး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment