ကျိုင်းတုံမြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက်နှင့် အသက်(၁၆)နှစ် အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက်နှင့် အသက်(၁၆)နှစ် အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ပြုလုပ်


MNP ၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊မြို့နယ်အားကစားကွင်း၌ ပြုလုပ်သည့် ကျိုင်းတုံမြို့နယ် ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက်နှင့် အသက်(၁၆)နှစ်အောက်  ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ယနေ့ညနေပိုင်းက ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ကျောင်းအသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။


ဦးစွာတိုင်းမှူး နှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အသက်(၁၆)နှစ်အောက် အထက်တန်း အအဆင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစား နေမှုများအား ကြည့်ရှုအား ပေးကြသည်။ ဗိုလ်လုပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအသင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အသင်း ကို (၂)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသွားသည်။


ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲတွင် တံခွန်စိုက်ဖလား ရရှိသွားသော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ အတန်းလိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသွားသော အသင်းများ၊ အသင်းလိုက်အကောင်းဆုံး အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များအတွက် ဖလားဆုနှင့်ဂုဏ်ပြုဆုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။


အဆိုပါ ကျိုင်းတုံမြို့နယ်၊ ပညာရေးမှူး ဖလား အသက်(၁၄)နှစ်အောက်နှင့်  အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ  ၁၀ ရက်မှ ယနေ့အထိ အသက်(၁၄) နှစ်အောက် ၁၆ သင်းနှင့် အသက်(၁၆)နှစ်အောက်   ၁၅ သင်းတို့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)