MNP ၊ နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းသို့ နိုဝင်ဘာလ ၅ ရက် ညနေပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ၁၀၇ မမရှော့တိုက် ဒုံးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ဗန်းမော်မြို့၏ မြောက်ဘက် မီတာ ၂၃၀၀ အကွာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အမှတ်(၂၃၇) အခြေခံပညာမူလတန်း ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းခေါင်းမိုးနှင့် ပြတင်း တံခါးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အဖွဲ့များ၏နေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment