ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ




MNP - နိုဝင်ဘာ  ၂၁


ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို နိုဝင် ဘာလ ၁၉ ရက်နေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲကို  အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်သင်ကြား သင်ယူမှုစွမ်းရည် တိုး တက်လာစေရန် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ရန်နှင့် အဆင့်ဆင့် ယှဉ်ပြိုင်မှုများတွင် ပူးပေါင်း ပါဝင်နိုင်ရန် ရည်ရွယ် ၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေနှင့် နှုတ်မှု စွမ်းရည် ယှဉ်ပြိုင်ကြရပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ  ၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)