ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက် လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက် လေ့လာ




MNP - နိုဝင်ဘာ  ၂၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (Mini Museum) ပြတိုက်ငယ်သို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက ယနေ့နံ နက်ပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ပြတိုက်ငယ် (Mini Museum) သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ပြတိုက်ငယ်တွင် ခင်းကျင်း ပြသထားသော ကရင်တိုင်းရင်းသား ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ကရင် တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ပြည်နယ်မှ ထွက်ရှိသော သဘာဝတွင်းထွက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံးပစ္စည်းများ အကြောင်းတို့ကို ရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)