MNP - နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံများနှင့် အသိပညာ ဗဟုသုတ များအား အသိပညာပေး ဟောပြောခဲ့သည်။ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများအား ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေတွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါအခွင့်အရေးများ၊ အသက်(၁၈)နှစ်အောက် ကလေးများ ပြစ်မှုကျူးလွန်မိခဲ့လျှင် ဥပဒေမှ အကာအကွယ်ပေးထားသော အခွင့်အရေးများ ၊ မိမိပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မပြုကျင့်ရအောင် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ မိမိအပေါ်တွင်မှာသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှာသော်လည်းကောင်း ကလေးသူငယ်များအပေါ်မှာ အကြမ်းဖက်မှုများ လွဲမှားစွာ ပြုကျင့်မှုများအား သိရှိလျှင် ဆက်သွယ်အကူအညီ တောင်းခံရမည့် ဌာနအဖွဲ့အစည်းများ၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ကျောင်းသား/သူများ သိရှိနိုင်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ယင်းနောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ ကျောင်းသား၊ကျောင်းသူလေးများအတွက် ဗလာစာအုပ် ၊ မာမီးခေါက်ဆွဲ ၊ လက်ဖက်ရည်ထုတ် များကို တာဝန်ရှိသူများက ကျောင်းအုပ်ဆရာကြီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်းများ ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment