မချမ်းဘော့မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၉၁ တင်းနှုန်းထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၉၁ တင်းနှုန်းထွက်ရှိ



MNP - နိုဝင်ဘာ  ၅


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ၌ တောင်သူ ဦးခေါင်လန်ရောဘတ် လယ်မြေ၊ အမ်ဘူဒမ်းကွင်း၊ ဦးပိုင်အမှတ် (၁၄၂) ရှိ စိုက်ဧက(၃)ဧကတွင် ယနေ့နံနက် ၁၀ နာရီက ဆင်းဧကရီ-၃ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ မိုစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမြင့်‌ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်လွင်နှင့် တာဝန်ရှိသူများက ပူးပေါင်းရိတ်သိမ်းခဲ့ကြပြီး ဆင်းဧကရီ-၃ မိုးစပါးတစ်ဧကလျှင်  ၉၁ ဒဿမ ၀၈ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။


မချမ်းဘော့မြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇) အုပ်စုရှိ၍ ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသော ဆင်းဧကရီ- ၃ မျိုးကောင်းမျိုးသန့်စပါးကို စိုက်ပျိုးကြပြီး ဒေသအခေါ် ခေါ်လုံး၊ ဧည့်မထ၊ ငစိန်နှင့် ယာစပါးမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ယောရွှေနီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)