MNP - နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အမှတ်(၃၈၇)အမြောက်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးနှင့် ဇနီးတို့မှကြီးမှူး၍ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် မိသားစုတို့၏ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ ဝမ်ကတ်ကျေးရွာရှိ လွယ်မောဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုး ဦးဆောင်သော အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများနှင့် ဧည့်ပရိသတ်အပေါင်းက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့်ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်သည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ယင်းနောက် အလှူရှင်အပေါင်းက ဆရာတော်၊ သံဃာတော်များအား သိမ်ဆွမ်းလောင်းလှူကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment