တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) တစ်တန် ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) တစ်တန် ဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) တစ်တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခွဲ တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များကို ပင်လယ်ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ရောက်ရှိနေကြောင်း သတင်းအရအတည်ပြုရှာဖွေဖော်ထုတ်ခဲ့ရာ မြိတ်မြို့နယ် လယ်ကယ်ကျေးရွာအနီးတွင် အိုငယ်(ခ)ခင်ကျော်နိုင် ကို FUSO ခြောက်ဘီး မော်တော်ယာဉ် တစ်စီး၊ Toyota Celsior မော်တော်ယာဉ် တစ်စီးနှင့်အတူတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ခြောက်ဘီး ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း)တစ်တန်သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဘောမ်ထန်(ခ)ဘောမ်ဆောင်၊ ရှရွယ်(ခ)အလာနှင့် ဘောမ်ဇုန်းတို့ သုံးဦးကို နိုဝင်ဘာ ၁၀ ရက်တွင် မြိတ်မြို့ နောက်လယ် ရပ်ကွက်အမှတ်(၁)ဗောတံတား ၌လည်းကောင်း၊ ဇော်တွယ်နှင့် လွမ်းဟူတို့နှစ်ဦးကို မြိတ်မြို့ ကလွင်ကျေးရွာ၌ Caldina မော်တော်ယာဉ် တစ်စီး၊ Nissan AD VAN မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်၌ သန့်ဇင်နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်းတို့အား ရေဖြူမြို့နယ် မလွှဲတောင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ Nissan မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ စောအောင်နှင့် သီဟတို့ကို ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်း၌လည်းကောင်း၊ သန့်ဇင်ဦးအား တွံတေးမြို့နယ် ခလောက်ခလူးကျေးရွာရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ မြင့်ဇော်ဦးအား ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ အိုက်စ် (မက်သ်အဖက်တမင်း) များ တာဝန်ခံသယ်ဆောင်သူ ဇော်ဂျီ(ခ)အားချင်းကို နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။


စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း)များကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် အက်ဒမန်ပင်လယ်ပြင် ရေကြောင်းအသုံးပြု၍ ပြည်ပသို့ဆက်လက် သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၁၃ ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)