MNP ၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇) နာရီအချိန်တွင် မြို့မအားကစားကွင်းသန့်ရှင်း သာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ မြို့မအားကစားကွင်းအတွင်းရှိ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း များကိုစုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment