တောင်ကုတ်မြို့၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း၍ အသိပညာလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း၍ အသိပညာလုပ်ငန်းများဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးသောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက် ပိုင်းတွင် မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း၍အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

ထိုသို့ကွင်းဆင်း၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမားရေးဦးစီးဌာန တို့မှ ဝန်ထမ်းများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဂူတာရပ်ကွက်နှင့်ကိုင်းရှည်ကျေးရွာအတွင်းရှိ မုန့်တီထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြ သည့် စက်ရုံးများသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့်သန့်ရှင်းမှုရှိစေရေးတို့အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)