မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ရသဥယျာဉ် စကားဝိုင်း ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)၌ ရသဥယျာဉ် စကားဝိုင်း ပြုလုပ်ဆောင်ရွက်




MNP ၊ နိုဝင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့စဉ် ထိတွေ့ဖြတ်သန်းနေရသည့် လူမှုဝန်းကျင်တွင် ကိုယ်ချင်းစာတရားဖြင့် ယုတ္တိတန်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်ဆက်ဆံနိုင်စေရန်နှင့် အများအကျိုး ရပ်ရွာအကျိုးသယ်ပိုးစေနိုင်ရန် ရည်ရွယ်၍ " ပရဟိတသမား " ဟူသောခေါင်းစဉ်ဖြင့် ရသဥယျာဉ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။


စကားဝိုင်းကို Moderator ဦးအောင်စည်ဖြိုးနှင့် ဆွေးနွေးသူများအဖြစ် ဂျီဖြူတောင်ကျေးရွာ ဒေသခံများဖြစ်သည့် ဦးမောင်တင်ဝင်း၊ ဦးအောင်ခိုင်၊ ဦး‌ဇော်မင်းတို့က တက်ရောက်ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းတွင် ပရဟိတဆိုတာဘာလဲ၊ ပရဟိတသမားတစ်ယောက်ရဲ့ စိတ်နေသဘောထားတွေကဘာတွေလဲ အစရှိသော အကြောင်းအရာများကို မိမိတို့တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ ဥပမာများဖြင့် ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။


ဖော်ပြပါ ရသဥယျာဉ် ဗဟုသုတစကားဝိုင်းကို ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိလာစေရန် မတူညီသော ခေါင်းစဉ်များဖြင့် လစဉ် ဒုတိယအပတ်လောက်တွင် ကျင်းပပြုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အ ထ က(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။ ဖော်ပြပါ စကားဝိုင်းသို့ Grade-11, Grade-10, Grade-9 ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မောင်းမောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)