သိန္နီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

 


MNP - နိုဝင်ဘာ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာချင် သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုရန် အခက်အခဲရှိသည့် စာပေဝါသနာရှင်များ အဆင်ပြေစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအနေဖြင့် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဌာနဆိုင်ရာရုံးများဖြစ်သော မြို့နယ်စာရင်းစစ်ရုံး၊ မြန်မာ့စီးပွားရေး ဘဏ်၊ စည်ပင်သာယာရေးဌာနများသို့ သွားရောက်၍ စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။ ငှားရမ်းပေးရာတွင် စာပေဗိမာန် စာမူဆုရစာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည်စုစည်းမှုစာအုပ်များ၊ ကျန်းမာရေးစာအုပ်များ၊ အတုယူ အားကျဖွယ် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတိစာအုပ်များ၊ စိတ်ဓါတ်ခွန်အားဖြည့်စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အခြားဗဟုသုတရရှိစေမည့် စာအုပ်များပါဝင်သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေဗဟုသုတကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ နှစ်ပတ်လျှင်တစ်ကြိမ် သွားရောက်၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)