MNP ၊ နိုဝင်ဘာ ၂၉
နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၆၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)နေ စိုင်းစိနိုင်(ခ)အားနမ်၊ ကျမူး နှင့် အားလင် တို့ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၈၁ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၉.၁ သိန်း)၊ ကက်တမင်းအလေးချိန် ၄၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)၊ လက်ကိုင်ဖုန်း ၄ လုံး၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၁၀ တောင့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစိနိုင်(ခ)အားနမ်(၂၃)နှစ်၊ ကျမူး(၂၂)နှစ် နှင့် အားလင်(၂၅)နှစ်တို့အား ဟောင်လိတ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၅၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ)ရပ်ကွက်တွင် လမ်းလျှောက်လာသူ ဝေယံထွန်း(ခ)မွတ်စလင်း အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ် ချက်အရ ၁၆၀၀ အချိန် အောင်ထွန်းနိုင်(ခ)အဝိုက်စ် အား ၎င်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ)ရပ်ကွက်၊ ဘောဂလမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝေယံထွန်း(ခ)မွတ်စလင်း(၂၁)နှစ် နှင့် အောင်ထွန်းနိုင် (ခ)အဝိုက်စ်(၃၃)နှစ်တို့အား သုဝဏ္ဏနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ အောင်မင်းဦး စီးနင်းမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၅.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်မင်းဦး(၂၉)နှစ်အား ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment