ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP - နိုဝင်ဘာ   ၂၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးရေးအတွက် ဆန်စပါးအပြင်၊ ဈေးကွက်ဝင်နိုင်မည့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ကလေးကျေးရွာတွင် စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၈)၊ ငွေချည်(၆)၊ ငွေချည်(၉)ဝါမျိုးများ အဓိကထားစိုက်ပျိုးကြပြီး အပင်မကြပ်စေရန်နှင့် မျိုးစေ့သက်သာစေရန် စိုက်ကျင်းတစ်ကျင်းလျှင် မျိုးသန့်ဝါစေ့ (၃)စေ့ထက်မပိုဘဲ တစ်ဧကသတ်မှတ်အပင်ဦးရေပြည့်မီစေရန် စိုက်တန်း၊ စိုက်ကျင်းများကို နည်းစနစ်မှန်စွာစိုက်ပျိုးကြပြီး စိုက်ပျိုးပြီး(၁၉)ရက်ခန့်အချိန်တွင် သန်မာသောဝါပင်(၂)သာချန်ထားကာ သားခွဲနုတ်ပယ်ခြင်းများဆောင်ရွက်ပြီး အပင်နှင့်အသီးများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် နွားချေးနွားလှည်း(၁၀)စီးနှင့် ကွန်ပေါင်းမြေဩဇာတစ်အိပ်အား မြေခံအဖြစ်မြေပြုပြင်ပြီး အပိန့်ဝင်ချိန်နှင့်ပန်းပွင့်ချိန်တွင် အပင်ခြေနှင့် (၇)လက်မခန့်အကွာတွင်  ကွန်ပေါင်းအိပ်ဝက်နှင့်ယူရီးယားအိပ်ဝက်ရော၍ဖြူးပေးရကြောင်း၊ လိုအပ်သည့်အချိန်များတွင် မြောင်းရှင်းခြင်း၊ မြေဆွခြင်းနှင့်ရေသွင်းခြင်းများ ဆောင်ရွက်ပေးရကြောင်းနှင့် စုပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ပိုးကာကွယ်ဆေးများနှင့် အခြားပိုးသတ်ဆေးများလည်း လိုအပ်သလိုဆောင်ရွက်ပါက ဝါတစ်ဧကပိဿာချိန်(၁၀၀၀)နှုန်း ထွက်ရှိကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံများကို ရဲဘော်ကြီး၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ကြက်သားဟင်း၊ သင်္ဂတုံ၊ ကလေး၊ မှိုင်းပန်၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ အရှေ့သာဂရ၊ ပြည်တော်သာ၊ သံရွာ၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာများတွင် ဝါသီးနှံစိုက်ခင်းပေါင်း(၁၃၄၈၀)ဧက စိုက်ပျိုးထားကြောင်းနှင့် ဝါစိုက်ခင်းများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ နည်းပညာများ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)